DjVu file type ဆိုရင်တော့ ရုရှားက ညီအစ်ကိုများ အားလုံးသိကြမယ်ထင်ပါတယ်ခင်ဗျာ........ကျွန်တော်ဒီအကြောင်းလေးကို ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်လို့ ပါ......တစ်ခြား နိုင်ငံတွေတော်တော်များများမှာ PDF,Word file တွေသုံးနေပေမယ့် ........ ရုရှားနိုင်ငံကြီးကတော့ ဘာပဲဖြစ်ဖြစ် သူများနဲ့ မတူအောင်သုံးလိုက်ရမှ ....... စိတ်တိုင်းကျတယ်ထင်ပါရဲ့ .......နိုင်ငံတကာက Google search ကိုအသုံးပြုနေပေမယ့်.......သူတို့ ရုရှားကတော့ yandex search တဲ့ဗျာ.......yandex search ကတော့ ရုရှားနဲ့ ဆိုင်တဲ့ အချက်အလက်ပဲဖြစ်စေ........စာအုပ်စာတမ်းပဲဖြစ်စေ တော်တော်လေးကို ပြည့်ပြည့်စုံစုံလေးတွေ့ ရပါလိမ့်မယ်...... သူကလည်း Google search မှာပါသော feature တွေထက်တော့ မလျှော့ဘူးဗျာ့.......ကျွန်တော်သိသလောက်တော့ Google Scribe ကို Google search မှာ ......အသုံးမပြုနိုင်ခင်ကတည်းက အလားတူ tool မျိုးကို yandex search က သုံးနေနိုင်ပါပြီ..... နိုင်ငံတကာက Youtube သုံးနေပေမယ့် သူတို့ ကတော့ Rutube တဲ့.......သူတို့ က နည်းနည်းလေးတော့ သူများနဲ့ မတူအောင် ထူးဆန်းသုံးလိုက်ရမှနဲ့ တူပါတယ်ဗျာ.........ဘာပဲဖြစ်ဖြစ် ဒီလိုတီထွင်နိုင်တယ်ဆိုတာကကို အားကျဖို့ တော့ ကောင်းပါတယ်......ကျွန်တော်တို့ နိုင်ငံကြီးလည်း ဒီလိုလေးတွေဆိုဘယ်လောက်ကောင်းမလည်းနော်......

........
ကဲဗျာ......ကျွန်တော်ပြောမယ့်အကြောင်းလေးကတော့ ရုရှားမှာ........လိုချင်တဲ့စာအုပ်တော်တော်များများကို yandex ကနေရှာရင် ......တော်တော်များများက DjVu file type နဲ့ ဖြစ်နေပါလိမ့်မယ်ခင်ဗျာ......ဒီကောင်လေးကနေ ကျွန်တော်တို့ က PDF ကိုပြောင်းချင်တယ်ဆိုပါစို့ ဗျာ...... တိုက်ရိုက်ပြောင်းလို့ ရတဲ့ Converter လည်းရှိနိုင်ပါတယ်.....ဒါပေမယ့် ကျွန်တော်ကတော့ Universal Document Converter ကိုအသုံးပြုပြီးတော့ PDF ကိုပြောင်းပြပါ့မယ်ခင်ဗျာ......
ပထမဆုံး DjVu viewer လေးကို ဒီနေရာလေးကနေ သွားဒေါင်းလိုက်ပါခင်ဗျာ......DjVu Browser Plugin တွေလည်းရှိပါတယ်ခင်ဗျာ.....ကျွန်တော်ကတော့ Internet Explorer အတွက်ပဲတွေ့ လို့ သုံးဖူးပါဘူးခင်ဗျာ.....အစောက DjVu viewer လေးကို Run ပြီးရင် .........ကိုယ်ပြောင်းချင်တဲ့ DjVu file တစ်ခုကို ဖွင့်လိုက်ပါခင်ဗျာ.........ပြီးရင်တော့ အပေါ်ဆုံးနားမှာ Print button လေးကိုတွေ့ ပါလိမ့်မယ်.....
နောက်ပေါ်လာတဲ့ box မှာ Printer Name မှာ Universal Document Converter ကိုရွေးလိုက်ပါ.........ပြီးရင် Properties ကိုနှိပ်ပါ.......
Properties box ပေါ်လာရင် Load settings ကိုနှိပ်ပါ.........
နောက်ထပ် box တစ်ခုထပ်ပေါ်လာပါလိမ့်မယ်.......အဲဒီ box မှာ Text document to PDF ဆိုတာကိုရွေးပြီးတော့ Open ကိုနှိပ်လိုက်ပါခင်ဗျာ.........
ပြီးရင် Ok ကိုနှိပ်လိုက်ရင် Universal Document Converter ကနေ Print စထုတ်ပေးနေပါလိမ့်မယ်......
ပြီးသွားရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ PDF file တစ်ခုကိုရပါလိမ့်မယ်ခင်ဗျာ......
ကျွန်တော် အမြဲတမ်း ပြောင်းသုံးမိတဲ့ နည်းလမ်းလေးပါ ခင်ဗျာ.....
အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ပါစေ။

No comments:
Post a Comment